VOOZH about

URL: https://news-eleven.com/article/229873

⇱ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းသည့်အတွက် စုစုပေါင်းခရိုင် ၁၂၁ ခရိုင်ရှိလာ | Eleven Media Group Co., Ltd


နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းသည့်အတွက် စုစုပေါင်းခရိုင် ၁၂၁ ခရိုင်ရှိလာ
Published 1 May 2022

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းသည့်အတွက် စုစုပေါင်းခရိုင် ၁၂၁ ခရိုင်ရှိလာကြောင်း မေ ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ ၊ ၂၈၄ (ခ) တို့နှင့်အညီ မူလက ခရိုင် ၇၅ ခရိုင်ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၃၁၉/၂၀၂၂၊ ၃၂၀/၂၀၂၂၊ ၃၂၁/ ၂၀၂၂၊ ၃၂၂/ ၂၀၂၂၊ ၃၂၃/ ၂၀၂၂၊ ၃၂၄/ ၂၀၂၂၊ ၃၂၅/ ၂၀၂၂၊ ၃၂၆/ ၂၀၂၂၊ ၃၂၇/ ၂၀၂၂၊ ၃၂၈/ ၂၀၂၂၊ ၃၂၉/ ၂၀၂၂၊ ၃၃၀/ ၂၀၂၂၊ ၃၃၁/ ၂၀၂၂၊ ၃၃၂/ ၂၀၂၂၊ ၃၃၃/ ၂၀၂၂ တို့ဖြင့် ခရိုင် (၄၆) ခရိုင်အား ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါအသစ်ပြင်ဆင်ဖွဲ့စည်းသည့် ခရိုင်များမှာ နေပြည်တော်တွင် ပျဉ်းမနားခရိုင်၊ ဇေယျာသီရိခရိုင်၊ ကချင်ပြည်နယ်တွင် တနိုင်းခရိုင်၊ ချီဖွေခရိုင်၊ ကယားပြည်နယ်တွင် ဒီးမော့ဆိုခရိုင်၊ မယ်စဲ့ခရိုင်၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးခရိုင်၊ သံတောင်ကြီးခရိုင်၊ ချင်းပြည်နယ်တွင် တီးတိန်ခရိုုင်၊ ပလက်ဝခရိုင်၊ စစ်ကိုင်းတိုင်းတွင် ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်၊ တနင်္သာရီတိုင်းတွင် ဘုတ်ပြင်းခရိုင်၊ ပဲခူးတိုင်းတွင် ညောင်လေးပင်ခရိုင်၊ နတ်တလင်းခရိုင်၊ မကွေးတိုင်းတွင် အောင်လံခရိုင်၊ ချောက်ခရိုင်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းတွင် သပိတ်ကျင်းခရိုင်၊ တံတားဦးခရိုင်၊ အောင်မြေသာဇံခရိုင်၊ အမရပူရခရိုင်၊ မွန်ပြည်နယ်တွင် ကျိုက်ထိုခရိုင်၊ ရေးခရိုင်၊ ရခိုင်ပြည်နယ်တွင် အမ်းခရိုင်၊ တောင်ကုတ်ခရိုင်၊ ရန်ကုန်တိုင်းတွင် ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ တွံတေးခရိုင်၊ ကျောက်တံတားခရိုင်၊ မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ ရှမ်းပြည်နယ်တွင် ကလောခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင်၊ မိုင်းယောင်းခရိုင်၊ မိုင်းလားခရိုင်၊ မိုင်းယန်းခရိုင်၊ မိုင်းတုံခရိုင်၊ တန့်ယန်းခရိုင်၊ ကွတ်ခိုင်ခရိုင်၊ ဧရာဝတီတိုင်းတွင် ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင် အသဖြင့် အသီးသီးဖွဲ့စည်းကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မူလက ခရိုင် ၇၅ ခရိုင် ဖွဲ့စည်းထားရာမှ ယခုအခါ ခရိုင် ၄၆ ခရိုင်ကို အသစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် စုစုပေါင်းခရိုင် ၁၂၁ ခရိုင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Related Articles

Most Read

Most Recent

(+959)965-171-408,969-500-511,861-808-4

(01) 400-528, 400-524

24-HOUR AUTOMATED SERVICE

online@weeklyeleven.com

        marketing@weeklyeleven.com

        elevendigitalmarketing@weeklyeleven.com

www.news-eleven.com